လျှပ်စစ်မီးလိုအပ်ချက် မြင့်မားလာချိန်မှာ ဆိုလာသည်လည်း တခတ်ဆန်း ခေါင်းထောင်ထလာပါသည် ။ ကျတော်ရဲ့ လျှပ်စစ်ချစ်သူ လျှပ်စစ်မိတ်ဆွေများ ဆိုလာ အကြောင်းများ သိရှိရလေအောင် စတင်ပြီး ဆောင်းပါးငယ်များဖြင့် ဗဟုသုတ ရဖွယ်ရာ စတင်ရေးသား တင်ဆက်ပေးပါမည် ။ ဆိုလာများ အလုပ်လုပ်ပုံအကြောင်း စိတ်ဝင်စားဖွယ်သိလာရတဲ့ အခါ မိမိကိုယ်တိုင် ဆိုလာတပ်ဆင်သည်ပဲဖြစ်စေ ။ အခြားသူတပ်ဆင်ထားသည်ကိုပဲဖြစ်စေ ။ မိမိကိုယ်တိုင်က သိရှိနားလည်နေသောအခါ အားနည်းချက် အားသာချက်များကို အကြံပြုမှတ်သားနိုင်မှာဖြစ်ပါသည် ။
Energy စွမ်းအင် အကြောင်း
ဆိုလာအကြောင်းစတင်တဲ့အခါ ဆိုလာ ဆိုသည်မှာ လျှပ်စစ်စွမ်းအင် ထုတ်ယူရန် အသုံးပြုသည့် စွမ်းအင်ပြောင်း ကိရိယာတခုဟု ဖွင့်ဆိုနားလည်ထားနိုင်ပါသည် ။ အလင်းဖြင့် လျှပ်စစ်ဓါတ်ထုတ်ယူခြင်းဖြစ်ပြီး အပူဖြင့်ထုတ်ယူခြင်းမဟုတ်သည်ကို သတိပြုထားရမည်ဖြစ်ပါသည် ။ မနက်ပိုင်း နေမပူချိန်တွင် ပါဝါသိပ်မထွက်ပဲ နေမြင့်လာ၍ နေပူလာချိန်တွင် ပါဝါများများ ထွက်ရှိလာသောကြောင့် အချို့မိတ်ဆွေတွေ စိတ်မှတ်မှားသွားကြသည်မှာ ဆိုလာသည် ပူလေ လျှပ်စစ်ထွက်လေဟု မှတ်ယူသွားကြသည်ကို မြင်ဖူးခြင်းကြောင့်ဖြစ်ပါသည် ။
Energy ဆိုသည်မှာ စွမ်းအင်ဖြစ်ပြီး လူသားတို့ Comfortable ဖြစ်အောင် ကူညီလုပ်ဆောင်ပေးခြင်းတမျိုးဖြစ်ပါသည် ။ Newton Law's အရ စွမ်းအင်ဆိုသည်မှာ ဖန်တီးလို့ မရ ၊ ဖျောက်ဖျက်လို့မရ ၊ ရွေ့ပြောင်း၍သာရသည်ဆိုသော နိယာမ အတိုင်း ဆိုလာအား အသုံးပြု၍ အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းသို့ ကူးပြောင်းရယူခြင်းနည်းသည် Solar System ဖြစ်ပါသည် ။
Energy ခေါင်းစဉ်အောင်တွင် အောက်ပါ အတိုင်း အချက် ၅ ချက်ရှိပြီး တချက်ခြင်းစီကို ဖြည်းဖြည်းခြင်း ဆွေးနွေးသွားလိုပါသည် ။
1. Light Energy
2. Spectrum ရောင်စဉ် ၇ မျိုး
3. Photons အလင်းအမှုန်များ
4. Heat Energy အပူစွမ်းအင်
5. Joule's Law of Heating
Light Energy ( အလင်းစွမ်းအင် )
နေမှ အပူစွမ်းအင် နှင့် အလင်းစွမ်းအင် ၂ မျိုးရနိုင်ပါသည် ။ နေ နှင့် ကမ္ဘာ မိုင် ၉၃ သန်းကွာဝေးပါသည် ။ နေဆိုသည်မှာ အဆက်မပြတ်တောက်လောင်နေသည့် ဓါတ်ငွေ့လုံးကြီးဖြစ်တယ်ဆိုတဲ့ အကြောင်းကို မူလတန်းအရွယ်ကတည်းက လေ့လာသင်ကြားခဲ့ကြဘူးမှာပါ ။ မိုင် ၉၃ သန်းကို ဖြတ်သန်းလာသည့် နေစွမ်းအင်သည် အလွန်ပင်ပါဝါများလွန်းလှပါသည် ။ အလင်း နှင့် အပူ နှစ်မျိုးလုံး ကမ္ဘာသို့ ကျရောက်လာပါသည် ။ Renewable စွမ်းအင်အဖြစ် ဆိုလာမှ အလင်းဖြင့် လျှပ်စစ်စွမ်းအင်သို့ပြောင်းပြီး အသုံးချကြပါသည် ။ ဆိုလာပြားများသည် အလင်းဖြင့် လျှပ်စစ်စွမ်းအင် ပြောင်းလဲယူခြင်းဖြစ်ပါသည် ။ အချို့က အပူစွမ်းအင်ဖြင့် လျှပ်စစ်ဓါတ်ထုတ်ယူသည်ဟု အမှတ်မှားနေတတ်ကြပါသည် ။ အလင်းဆိုတိုင်း လင်းနေသည့် အရာတိုင်းဖြင့်တော့ လျှပ်စစ်ဓါတ်ထုတ်ယူနိုင်ခြင်းတော့ မဟုတ်ပါဘူး ။


Spectrum ( ရောင်စဉ် ၇ သွယ် )
အလင်း၏ အရောင်မှာ Visible Light ဖြစ်ပြီး မြင်နိုင်သော အရောင်အဖြစ် သက်တံရောင် ၇ ရောင်ပါဝင်နေပါသည် ။ Crystal Light မှာ ကြည့်လျှင် ၇ ရောင်ကို မြင်နိုင်ပါသည် သုံးမြှောင့်ပုံဖန်တုံးတွင် အဖြူရောင် အလင်းဖြင့် မီးထိုးလိုက်ပါက တဘက်မှာ ရောင်စဉ် ၇ သွယ်ဖျာထွက်သွားသည်ကို မြင်နေရမှာဖြစ်ပြီး အဖြူရောင်အလင်းသည် ရောင်စဉ် ၇ သွယ်ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ပါသည် ။
လူများမြင်နိုင်သည်မှာ ၇ ရောင်သာရှိပါသည် ။ မိုးတွင်းကာလ သက်တံများပေါ်ထွန်းနေသည့် ဖြစ်စဉ်မှာ လေထုအတွင်းရှိ ရေမှုန်ရေမွှေားလေးများမှ သုံးမြှောင့်ပုံဖန်တုံးသဖွယ်ဖြစ်စဉ်တွင် နေ၏ အဖြူရောင်အလင်းမှ တဆင့် ရောင်စဉ် ၇ သွယ်ဖျာထွက်လာခြင်းကို မြင်နိုင်မှာဖြစ်ပါသည် ။ အင်္ဂလိပ်ဘာသာအားဖြင့် Light is a particle , Light is a wave ဟုခေါ်ဆိုသည့် အလင်းဆိုသည်မှာ လှိုင်းပုံစံ ရွေ့လျားနိုင်သော အမှုန့် တမျိုးဖြစ်ပါသည် ။
Infrared Ray တွေသည် အနီရောင်ဖြစ်ပြီး လှိုင်းအလျား ကျယ်ပါသည် ။ စွမ်းအင်လည်း နည်းပါးပါသည် ။ မနက်ပိုင်းနှင့် ညနေပိုင်းတွေမှာ Long wavelength အမှုန့်များစိုးမိုးသည့် ကာလမို့ လျှပ်စစ်စွမ်းအင် အထွက်နည်းပါသည် ။ ဆိုလာပြားများအား ဆီလီကွန်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပါသည် ။ Solar Panel များ၏ စွမ်းအင်ထုတ်လွှတ်မှု့တန်ဖိုးသည် အပူပြင်းလေ ကျဆင်းလေ ဖြစ်ကြပါသည် ။ အကြမ်းဖျင်းအားဖြင့် Standard အနေဖြင့် 25 Degree Centigrade သတ်မှတ်ပြီး 1 Degree Centigrade ပူလေ - 0.25 % စွမ်းအင်လျော့ကျလေဖြစ်ပါသည် ။
ဉပမာ 100 W Solar Panel တချပ်တွင် 26 C အပူဖြင့် အလင်းရောင်ကျရောက်ပါက ထွက်လာမယ့် လျှပ်စစ်စွမ်းအင်မှာ 100 W တွင် -0.25% လျော့ကျသွားမှာဖြစ်ပါသည် ။ ပိုပူလေ ဒီဂရီမြင့်မားလေ လျှပ်စစ်စွမ်းအင် အထွက် ကျဆင်းလေဖြစ်ပါသည် ။
အလင်းသည် ဆိုလာပြားများအတွက် မိတ်ဆွေဖြစ်ပြီး ၊ အပူသည် လောင်ဘက်ဖြစ်ပါသည် ။ လျှပ်စစ်ပစ္စည်းတိုင်းသည် အပူကို ကြောက်ပါသည် ။ နေမှ အပူစွမ်းအင် နှင့် အလင်းစွမ်းအင် နှစ်မျိုးရှိသော်လည်း ၊ အလင်းများလေလေ စွမ်းအင်များလေဖြစ်ပြီး ၊ အပူစွမ်းအင်ကတော့ အပူပြင်းလေ လျှပ်စစ်စွမ်းအင် ထွက်နည်းလေ ဖြစ်ပါသည် ။
3. Photons ( အလင်းအမှုန်များ )
အလင်းအမှုန်များသည် အရောင်မတူကြပါ ထို့အပြင် Wave များလည်း မတူကြပါ ။ Frequency နည်းသည့် အလင်းအမှုန်များသည် စွမ်းအင်နည်းပါးကြပြီး Frequency မြင့်သည့် အလင်းအမှုန်များသည် စွမ်းအင်ကြီးမားကြပါသည် ။ နမူနာအားဖြင့် အဖြူရောင်အတွင်းတွင်ရှိသည့် ရောင်စဉ် ၇ သွယ်မှ ခရမ်းရောင်သည် Frequency မြင့်မားသဖြင့် စွမ်းအင်မြင့်မားပြီး အနီရောင်ကတော့ Frequency နိမ့်သောကြောင့် စွမ်းအင် နည်းပါးပါသည် ။ နေသည် မနက်ခင်းစတင်ချိန်နှင့် ညနေ နေဝင်ချိန်တွင် အနီရောင်များစိုးမိုးနေသည်မှာ ရောင်စဉ် ၇ သွယ်အတွင်းရှိ အနီရောင်များ ကြီးစိုးနေခြင်းဖြစ်ပါသည် ။ ထို့ကြောင့် မနက်ခင်းနှင့်ညနေခင်းများတွင် ဆိုလာပြားများမှ လျှပ်စစ်အထွက် ပါဝါနည်းပါးခြင်းဖြစ်ပြီး ၊ နေမြင့်တက်လာချိန်တွင်မှ ခရောင်းရောင် အလင်းအမှုန်များ အများအပြား ကျရောက်လာသဖြင့် ဆိုလာပြားမှ ထုတ်လွှတ်ပေးနိုင်သည့် လျှပ်စစ်စွမ်းအင်သည်လည်း မြင့်တက်လာပါသည် ။ ထို့ကြောင့် အချို့မိတ်ဆွေများမှ ပူလာလေလေ ပါဝါများများ ထွက်လေလေ ဟု အမှတ်မှားသွားကြခြင်း ဖြစ်ပါသည် ။
နောက်ရက်များတွင် Heat Energy နှင့် Joule's Law of Heating အကြောင်းဆက်လက်ဆွေးနွေးလိုပါသေးသည် ။
လျှပ်စစ်ကျောင်းသား ကုမ္ပဏီလီမိတက်
သိလိုသည်များရှိပါက
ရုံးချိန်အတွင်း 9 AM - 5 PM , ပိတ်ရက်မရှိ နေ့စဉ်ဖွင့်လှစ်ပါသည် )
09 - 977 - 248 - 730 ( Viber သို့လည်း ဆက်သွယ်နိုင်ပါသည် )
09 - 788 - 805 - 093
ES Institute Production Service Center
အမှတ် ( ၁၁၅ / ၁၂၁ ) ၊ ဒုတိယထပ် ၊ ( ၁ ) ရပ်ကွက် ၊ အနော်ရထာလမ်းမပေါ် နှင့် လမ်း ( ၅၀ ) ဒေါင့် ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့ ။ ။
ကျန်းမာကြပါစေ
#လျှပ်စစ်ကျောင်းသား
#solarpanels